ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော် cover art

ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော်

ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော်

Listen for free

View show details
မဟာစည်သာသနာ့ရိပ်သာ “ယောဂီအသစ်တို့အား အစညွှန်ကြားချက် အလုပ်ပေးတရားတော်” စတင်ဖွင့်လှစ်ခြင်း ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား - မဟာစည်သာသနာ့ရိပ်သာကြီးတွင် တရားဝင်သည့် ယောဂီများအား ဝိပဿနာအလုပ်ပေးတရားတော် မနာယူမီ ဆရာတော်ကြီးများက ဩဝါဒပေးလေ့ရှိပါသည်။ ✨ ၃၈-မိနစ် အလုပ်ပေးတရားဖြစ်ပေါ်လာပုံ ယခုအခါ ၂၀၂၂ ခုနှစ် မှတ်တမ်းများကို ပြန်လည်ပြုစုရာမှ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” လက်နှိပ်စက်စာမူနှင့် ၈-မိနစ်ကြာအသံဖိုင် ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” ဟု ခေါင်းစဉ်ပေးထားသဖြင့်၊ ဝိပဿနာအလုပ်ပေးတရားတော် တိပ်ခွေမဖွင့်မီ ယောဂီများအား ဩဝါဒပေးသည့် ဆရာတော်များ အကိုးအကားပြုနိုင်ရန် နှင့် ကနဦးဩဝါဒပေးနိုင်ရန် ပြုစုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ မဟာစည် သံဃာတော်များ၏ ဩဝါဒကို ခံယူကာ၊ မူလဖွင့်နေကျ မိနစ် (၃၀) အလုပ်ပေးတရားတော်၏ ရှေ့တွင် ဤ ၈-မိနစ် တရားတော်ကို ထည့်သွင်း၍ စုစုပေါင်း (၃၈) မိနစ်အဖြစ် ဖွင့်လှစ်ရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ 🗓️ မည်သည့်အချိန်တွင် စတင်နာယူနိုင်သလဲ? မဟာစည် ၇-ရက် သင်္ကြန်တရားစခန်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် (၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်) နေ့လယ် ၃:၀၀ ခန့်တွင် သင်္ကြန်တွင်းတရားအားထုတ်ရန် ရောက်ရှိလာသည့် ယောဂီများသည် ပထမဆုံးအကြိမ်အဖြစ် ဤတရားတော်ကို စုပေါင်းနာယူကြမည်ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများအနေဖြင့်လည်း အောက်ပါနေရာများမှ နာယူတော်မူနိုင်ပါသည်။Mahasi App https://app.mahasi.org.mm/download/index.htmlYouTube https://www.youtube.com/watch?v=5lbNAPO20uU မဟာစည်သာသနာ့သမိုင်းဝင် ယောဂီအသစ်တို့အား အစညွှန်ကြားချက်-ဝိပဿနာအလုပ်ပေးတရားတော်ကို နာယူပွားများ အားထုတ်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။ #Mahasi #Vipassana #Dhamma #MahasiApp #မဟာစည် #အလုပ်ပေးတရား #သာသနာပြု # ယောဂီအသစ်တို့အားအစညွှန်ကြားချက်
adbl_web_anon_alc_button_suppression_t1
No reviews yet